ဟောင်ကောင်ကိုပို့မယ့် ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

ဘန်ကောက်မြို့ မြောက်ဖက် ဆာမွတ် ပရာခန်ပြည်နယ်မှာ ဟောင်ကောင်သို့ တင်ပို့ဖို့ စီစဉ်ထားတယ်လို့ ယုံကြည်ရတဲ့ ဘိန်းဖြူ ၃၀ကီလိုဂရမ်ကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၀ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။ စီးနင်းရှာဖွေမှု အတွင်း ရဲတပ်ဖွဲ့က ဟောင်ကောင်သားတစ်ယောက်နဲ့ ထိုင်းနိုင်ငံသား တစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဆာမွတ်ပရာခန် ပြည်နယ် ကန်ချန်ပီဆတ်ဒေသရှိ နေအိမ်တစ်အိမ်ကို ရှာဖွေရာမှာ ခွေးသေးခံတွေထဲ ဝှက်ထားတဲ့ ဘိန်းဖြူ ၃၀ကီလိုဂရမ်ကို ရဲတပ်ဖွဲ့က ရှာဖွေတွှေရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ခွေးသေးခံတွေကို ဟောင်ကောင်သို့ တင်ပို့ဖို့ စီစဉ်ထားတဲ့ အထုပ်ထဲမှာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အရာရှိတွေက ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အိမ်ထဲမှာ ချင်းရိုင်ပြည်နယ်က ထိုင်းနိုင်ငံသား တစ်ယောက်ကိုတွေ့ရှိခဲ့ပြီး ဟောင်ကောင်သားဟာနိုင်ငံကူး လက်မှတ် မပြနိုင်ခဲ့ဘူးလို့ သိရပါတယ်။