ကျောက်တံတားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူနေမှု

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ကျောက်တံတားမြိုနယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး အဖွဲ့ွဲ့orking Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ အမှတ်(၃)ရပ်ကွက်အတွင်း ကောက်ယူခဲ့သည်။

အဆိုပါအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ မြိုတော်ဝန်ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးညီညီမင်း၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌဦးဥက္ကာ၊ ကျောက်တံတားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်လွင်၊ ကျောက်တံတားမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင်စိန်နှင့်အဖွဲများ၊ လဝကဦးစီးမှူး ဦးတင်စိုးနှင့်အဖွဲများ လိုက်ပါ၍ ကြည့်ရှုခဲ့ပြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ မြိုနယ်တစ်အိမ်တက်ဆင်း မြေပြင်ကွင်း ဆင်းကောက်ယူရေး အဖွဲ (Working Group)များမှ အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ကောက်ကွက်တစ်ဖွဲလျှင် (၅)ဦးနှုန်းဖြင့် စာရင်းကောက်ကွက်(၄)ကွက်ဖွဲ၍ ကောက်ကွက် တစ်ကွက်လျှင်အိမ်ထောင်စု ( ၅၀၀) စုနှုန်းဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။