မင်္ဂလာ နံနက်ခင်းပါ

သိက္ခာရှိမှ တန်ဖိုးရှိပါတယ်

တန်ဖိုးရှိတဲ့ ဘ၀ဆိုတာ
ငွေကြေး အာဏာ ဂုဏ် ပါဝါတွေ
ရှိတာကို ပြောတာမဟုတ်ပါဘူး ။

ဘ၀ကို အကျင့်သိက္ခာတရားနဲ့
တည်ဆောက်နိုင်မှ တန်ဖိုးရှိပါတယ် ။

ကံရှိန်ကောင်းလို့ အမြင့်တက်နေတာကို
အဟုတ်မှတ်ပြီး မေ့ပျော်မနေပါနဲ့ ။

မမြဲခြင်းက အစားထိုးနေတာမို့လို့
ချမ်းသာဆင်းရဲမှုဟာ ခဏဖြစ်သလို

အဆင်ပြေမှု မပြေမှုတွေဟာလည်း
ဘာမှမကြာ ခဏတာရရှိမှုတွေပါ ။

ကောင်းကံ တောက်တုန်းမှာ
ကောင်းကံတွေ ထပ်ဆင့်မြင့်ထားပါ ။

အကျင့်သိက္ခာနဲ့ကုသိုလ်တွေရှိနေရင်
ဖျက်ဆီးမှု ပျက်စီးမှုတွေရှိလာလည်း
ကိုယ့်ဘ၀ဟာ တုန်လှုပ်စရာမလိုပါဘူး ။

အခြား အပေါ်ယံတွေဟာ
အချိန်းမရွေး ပျက်စီးနေကြလို့

အကျင့်သိက္ခာတရားကိုပဲ
မပျက်အောင်တန်ဖိုးထားဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏