တောင်ကိုရီးယား ဘူဆန်မှာ မြန်မာတစ်ဦး ရထားဖြင့်ချိတ်မိပြီး သေဆုံး

တောင်ကိုရီးယား ဘူဆန်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦး ရထားဖြင့်ချိတ်မိကာ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ တောင်ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းထံမှ သိရပါတယ်။

ယင်းဖြစ်စဉ် ဇန်နဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘူဆန်မြို့မှ ဆိုးလ်မြို့ကို ပြေးဆွဲနေတဲ့ ဆဲမာအွန် ITX ရထားဖြင့် မြန်မာနိုင်ငံသား တစ်ဦး က ချိတ်မိပြီးနောက် ဘူဆန်ဂျင်ဘူတာအနီးမှာ သေဆုံးသွားတာ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

သေဆုံးသွားသူမှာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား တစ်ဦးဖြစ်ကာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူလို့လည်းဆိုပြီး ယင်းသည် ရထားသံလမ်းဘက်သို့ လူမဝင်စေရန် တားမြစ်ထားသည့် သံဇကာကာ ထားသောနေရာထဲသို့ လမ်းမှား ဝင်ရောက်ခြင်းကြောင့် ရထားနဲ့ ချိတ်မိသွားတာမျိုး ဖြစ်နိုင်တဲ့ အကြောင်း ကိုရီးယား သတင်းတွေမှာတော့ ရေးသား ဖော်ပြထားတယ်လို့လည်း ယင်းတို့က ပြောပါတယ်။