တရုတ်- မြန်မာ နယ်စပ် ရွှေလီနယ်စပ်ဂိတ်ကနေ ကုန်တင်ကားတွေ ဝင်နိုင်ပြီလို့ သံရုံးပြော


တရုတ်-မြန်မာ နယ်စပ် ရွှေလီနယ်စပ်ဂိတ်ကနေ ကုန်တင်ကားတွေ ယာဉ်မောင်းနဲ့ယာဉ်အချက်အလက်တွေကို အကောက်ခွန်မှာ ကြိုတင်အကြောင်းကြားကာ ဝင်နိုင်ပြီလို့ မြန်မာရှိ တရုတ်သံရုံးက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ရှိ ရွှေလီနယ်စပ်ဂိတ်သည် တရုတ်-မြန်မာကုန်သွယ်ရေး ၏ အကြီးဆုံး ကုန်းလမ်းနယ်စပ်ဂိတ် ဖြစ်ပြီး ဂိတ်ဖြတ်သန်းသွားလာရေး လုပ်ငန်းတွေ ပြန်စနေပြီလို့လည်း ပြောပါတယ်။

ရွှေလီနယ်စပ်ဂိတ်တွင် ဂိတ်ဖြတ်သန်းသွားလာမှုများ ပြန်လည်စတင်ပြီးနောက် ပြည်ဝင် သူများသည် ကျန်းမာရေးကုဒ် လျှောက်ထားရယူရန် မလိုအပ်တော့ဘဲ ၄၈ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကိုသာ လိုအပ် တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ခြမ်းမှ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပေမယ့်လည်း မြန်မာဘက်ခြမ်းကတော့မဖွင့်သေးပါဘူး။