လျှပ်စစ်ဓါတ်အား ၂ဝ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မည့် ဆိုလာစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံဖွင့်လှစ်

Green Power Energy (GPE) ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် လျှပ်စစ်ဓါတ်အား ၂ဝ မဂ္ဂဝပ် ထုတ်လုပ်နိုင်စွမ်းရှိမည့် Taungdaw Gwin တောင်တော်ဂွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရားဝင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကို (BOO) စနစ်ဖြင့် သဘောတူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြစ်သား မြိုနယ်ရှိ ၈၁ ဧက မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်တော်ဂွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် ဆိုလာအပြားပေါင်း ၄၅၈၉ဝ ပြား တပ်ဆင်အသုံးပြုထားပြီး နေရောင်ခြည်မှ စွမ်းအင်ထုတ်ယူသော photovoltaic (PV) စွမ်းအင်ကို အမြင့်ဆုံးရရှိစေရန် နေရောင်ခြည်ဖြင့် ခြေရာခံသော စနစ်ကို အသုံးပြုထားကြောင်းသိရသည်။ အဆိုပါဆိုလာစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုများသည်မြန်မာနိုင်ငံတွင်လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို လျော့ချပေးနိုင်မည့် အပြင် နိုင်ငံလျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မှုကိုလည်း တိုးမြင့်လာဖွယ်ရှိနေကြောင်းသိရသည်။