ကျိုင်းတုံမြို့၊  အထက်တန်းကျောင်း၌ ပညာရေး စုံညီပွဲတော် ကျင်းပ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေး စုံညီပွဲတော်ကို   တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်သီချင်းဖြင့် ကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးကာ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြတယ်လို့သိရပါတယ်။