မန်စီးတီး-ချဲလ်ဆီးပွဲစဉ်ရလဒ်

(၂၀၂၂-၂၃)ရာသီ ချဲလ်ဆီးအသင်းနဲ့ ဆုံတွေ့ခဲ့သည့် ပြိုင်ပွဲစုံ(၃)ကြိမ်စလုံး မန်စီးတီးအတွက် ဂိုးသွင်းယူထားနိုင်တဲ့ တောင်ပံကစားသမားကတော့ ရီးယက်စ် မာရက်ဇ် ပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ချဲလ်ဆီးအသင်းကို ကာရဘောင်းဖလားရှုံးထွက်(၁၆)သင်းအဆင့်၊ပရီးမီးယားလိဂ်၊အက်ဖ်အေဖလားရှုံးထွက် (၃၂)သင်းအဆင့်များအားလုံးတွင် အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်သည်။

မနေ့ညပိုင်းက ကစားခဲ့ကြသော မန်စီးတီး-ချဲလ်ဆီးပွဲစဉ်တွင် မန်စီးတီးအသင်းမှ ချဲလ်ဆီးအသင်းအား ၄ ဂိုး ၀ ဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရှိရပါတယ်။