မင်္ဂလာရှိသော မနက်ခင်းလေးပါ

မပျက်ခင်မှာ အကျိုးရှိပါစေ

တွယ်တာမှုနဲ့ ရှာဖွေသိမ်းထားတော့
စွန့်ကြဲရမှာ အရမ်းခက်ခဲသလို
ထားခဲ့ရမှာလည်း စိုးရိမ်ကြပါတယ် ။

ပျက်စီးမှုဆိုတဲ့သဘာ၀တရားဟာ
ကိုယ်မမွေးခင်ကတည်းကရှိနေလို့
ဘာမှလည်းမတတ်နိုင်ပါဘူး ။

ကိုယ်တိုင်တောင်ပျက်အုံးမယ်ဆိုရင်
တစ်ပါးသောအရာတွေကိုလည်း
မပျက်ပါနဲ့လို့ တားမရနိုင်ပါဘူး ။

အတွယ်တာအစွဲလေးတွေလျော့ပြီး
လွတ်လပ်မှုကို ရှာဖွေနိုင်ပါစေ ။

ပိုင်ဆိုင်မှု များများရှိထားရင်
သိမ်းဆည်းရတဲ့ ဒုက္ခမသေးသလို
စိုးရိမ်နေရမှုဟာလည်း မသေးပါဘူး ။

ငါ့ဟာလို့ သိမ်းပိုက်ထားသမျှ
ကိုယ့်စိတ်ဟာ မအေးချမ်းနိုင်ပါဘူး ။

သူအရင် ပျက်သွားမလား
ကိုယ်အရင်ထားသွားမလားမသိတဲ့
အနေထားမို့ စွဲလန်းလို့မထားပါနဲ့ ။

ထုပ်စရာရှိတာ ထုပ်ပြီးတော့
ဖြုတ်စရာရှိတဲ့ အစွဲလေးဖြုတ်လို့
နေ၀င်ချိန်ခရီး လှအောင်ပြင်ဆင်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏