ဒဂုံမြို့သစ်တောင်ပိုင်းတွင် သားအမိ ၂ ဦး ကြိုးဆွဲချသေဆုံးမှု တစ်ခု ဖြစ်ပွား

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ၁၈ ရပ်ကွက်တွင် သားအမိ ၂ ဦး ကြိုးဆွဲချ သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ အနီးနားပတ်ဝန်းကျင်ရှိ နေထိုင်သူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ၁၈ ရပ်ကွက် ကော့သောင်းလမ်းအတွင်း အသက် ၄၀ ကျော် အရွယ်ရှိ မိခင်နှင့် အသက် ၆ နှစ်ခန့်အရွယ် ကလေးမလေးတို့ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ခဲ့တာပါ။

ယင်းဖြစ်စဉ်ကို သတင်းရရှိလို့ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ သွားရောက် ကူညီပေးခဲ့ပြီး သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို စံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါ ဖြစ်စဉ် သေမှုသေခင်းနဲ့ အမှုဖွင်ကာ သက်ဆိုင်ရာက စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း အနီးပတ်ဝန်းကျင်ရှိ နေထိုင်သူတွေက ပြောကြားထားပါတယ်။