စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မကျီးတုံကျေးရွာအနီးရှိ တံတား ၁ စင်းအား PDF များမှ မိုင်းခွဲဖျက်ဆီး

ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် ဝက်လက်မြို့နယ် မကျီးတုံကျေးရွာအနီးတွင်ရှိသော လမ်းကူးတံတား ၁ စင်းအား PDF များက မိုင်းထောင်ဖောက်ခွဲသွားကြောင်းကို ဒေသခံများ၏သတင်းပေးချက်အရ သိရှိရ၍ လုံခြုံရေးအဖွဲ့များက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမားများအားအမြန်ဆုံး ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
PDF များသည် အေးချမ်းစွာသွားလာလျက်ရှိသော အပြစ်မဲ့ပြည်သူများအား နှောက်ယှက်လိုသောကြောင့် ယခုလိုမိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

crd;