ဒဂုံမြိုသစ်အရှေ့ပိုင်းမြိုနယ် ထုံဟုန်သတ္တုအရည်ကျိုစက်ရုံတွင် ပေါက်ကွဲမှုဖြစ်

ဇန်နဝါရီ ၆ရက် နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်အရှေ့ပိုင်းမြိုနယ်၊ (၁၁၁) ရပ်ကွက်၊
ဒဂုံအရှေ့ စက်မှုဇုန်၊ ဖန်ချက်ဝန် ဦးညွန့်လမ်း၊ အမှတ် (၃၅) ထုံဟုန်သတ္တုအရည် ကြိုစက်ရုံတွင် သံအပိုင်းအစ၊
ဘီယာဗူးခွံများ Press ပြုလုပ်၍ ပုံသွင်းထားသည့် ဘလောက်တုံးများအား ဖြတ်တောက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့
သဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
အရည်ကြို စက်ရုံတွင် သံအပိုင်းအစ၊ ဘီယာဗူးခွံများ Press ပြုလုပ်၍ ပုံသွင်းထားသည့် ဘလောက်တုံးများအား
ဖြတ်စက်ဖြင့် ဖြတ်တောက် စဉ် ယင်းဘလောက်တုံးမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စက်ရုံ
လုပ်သား ကိုသက်မျိုး (၃၃) နှစ်တွင် မျက်နှာ၊ ရင်ဝ၊ ယာလက် နှင့် ယာခြေသလုံးတိုတွင် အစထိမှန် ဒဏ်ရာများ
ဖြင့် သေဆုံးခဲ့ပြီး အောင်ကျော်သူ (၄၅) နှစ်တွင် ဝဲ၊ ယာ လက်နှစ်ဖက်လုံး ကျိုးကြေ၊ ခန္ဓာကိုယ်တွင် အစထိမှန်
ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူတိုကို ဆေးရုံသိုပိုဆောင်ခဲ့ကြောင်းသိရသည်။
မီးသတ်တပ်ဖွဲ၏ အစောပိုင်း စစ်ဆေးချက်အရ ပုံသွင်းထားသည့် ဘလောက်တုံးအား ဖြတ်တောက်စဉ် အဆိုပါ
ဘလောက်တုံးအတွင်း ဂတ်(စ်)ဗူး ပါရှိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပြီး လုံခြုံရေးတပ်ဖွဲမှ
ဆက်လက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။