အကြမ်းဖက် KNU/PDF များမှ ခရီးသွား Express ကားအား မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်က သထုံမြို၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီးတွင်
ရန်ကုန်မှ မော်လမြိုင်သို မောင်းနှင်လာသော “သီဟမင်း” Express မှန်လုံယာဥ်အား အကြမ်းဖက် KNU/
PDF များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက် KNU/PDF များ၏ အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် “သီဟမင်း”Express ကားမောင်း
သူ ယာဘက်မျက်လုံး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ယာဥ်နောက်လိုက် တစ်ဦး ယာဘက်ပါးပေါက်ပြဲနှင့် သွားကျိုး
ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက်သမားများမှ မိဘပြည်သူများအား အနီအစိမ်းမခွဲခြားပဲ အကြောင်းမဲ့တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်
လျှက်ရှိသောကြောင့် သတိထားသွားလာနေထိုင်နိုင်ကြစေရန် အသိပေးတင်ပြအပ်ပါသည်။