PDF အကြမ်းဖက်အဖွဲ့က ပေါက်-ပခုက္ကူသွား တံတားအား တိုက်ခိုက်ဖျက်ဆီး

ဇန်နဝါရီ ၄ရက် နံနက် ၅ နာရီ မိနစ် ၄၀ ခန့်က မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို၏ အရှေ့ဘက်
မီတာ ၁၄၀၀၀ ခန့်အကွာ ပေါက်-ပခုက္ကူသွားကားလမ်း ယောချောင်း၊ ရေပြာတံတားတွင် လုံခြုံရေးဆောင်ရွက်လျက်
ရှိသည့် တပ်ဖွဲဝင်များကို PDF အကြမ်းဖက်အဖွဲ့က သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး လက်နက်ငယ်များ
ဖြင့် တိုက်ခိုက်လာခဲ့သည်။
PDF အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်လာမှုကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲဝင်များက စနစ်
တကျဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲများသည် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ထိခိုက်
ကျဆုံးမှုများစွာဖြင့် တောင်ဘက်သို ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ၎င်းတို့ ဆုတ်ခွာစဉ် ဆုတ်ခွာရာ
လမ်းကြောင်းပေါ်ရှိ နဂါးဘွက်ကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ကျေးရွာသူ၊
ကျေးရွာသား အမျိုးသားနှစ်ဦး၊ အမျိုးသမီး ငါးဦးတိုကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်အချို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့များ၏ အလောင်းနှင့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိခဲ့သည်။