မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကောင်းတာနဲ့အစားထိုးပါ

အကျိုးလိုလားတတ်တဲ့မေတ္တာက
ဒေါသကို သန့်စင်ပေးတယ် ။

ဒါနက
လောဘကို သန့်စင်ပေးတယ် ။

အကောင်းမြင်ခြင်းက
အပူတွေကို သန့်စင်ပေးတယ် ။

၀မ်းမြောက် ပေးမှုက
မနာလိုခြင်းကို သန့်စင်ပေးတယ် ။

သတိက
ကိလေသာကိုသန့်စင်ပေးတယ် ။

အတွင်းမှာ ကောင်းတာတွေကို
နေရာပေးထားနိုင်တယ်ဆိုရင်

အပြင် က မကောင်းတာတွေဟာ
ကိုယ့်ထဲကို ၀င်လာဖို့
ဘယ်လိုမှ အခွင့်မသာနိုင်ပါဘူး ။

ချမ်းသာရတယ်ဆိုတာ
ဆင်းရဲစေတဲ့ အကြောင်းတရားကို
ကိုယ်က လက်မခံမလိုပါပဲ ။

ဆင်းရဲရတယ်ဆိုတာ
ချမ်းသာတဲ့အကြောင်းတရားကို
မဖြည့်ကျင့်ထားလို့ ဖြစ်ရတာပါ ။

မကောင်းတာတွေရဲ့နေရာမှာ
ကောင်းတာကို အစားထိုးနိုင်ရင်
အမြဲချမ်းသာမှုတွေဖြစ်နေကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏