ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

 
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး(မြေပဒေသာ ကျွန်း)၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါပြပွဲ၌ ပြိုင်ပွဲအမျိုးအစား (၂၄) မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း(၁၈)ခန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံ ပန်းဝါသနာ ရှင်များအသင်းမှ ပန်းမန်ပြခန်း(၁၅)မျိုး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပြခန်း (၉)မျိုးတို့ဖြင့် ဇန်နဝါရီ ၈ ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး အများပြည်သူ များအနေဖြင့် လာရောက်ကြည့်ရှုဝယ်ယူ အားပေးနိုင်ကြောင်း သတင်းရရှိသည်။