၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား အား ကျင်းပသွားမည်

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားကျင်းပပြုလုပ်ပုံများကို ယင်းနေ့ နံနက် ၅နာရီ ၄၅မိနစ်မှ စတင်ပြီး ရုပ်သံလိုင်း ၄ခုတွင် တိုက်ရိုက် ( Live ) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ဤယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို ယခင်ထုတ်ပြန်ခဲ့ပြီးသော ရုပ်သံလိုင်း ၄ခုတွင်သာမက MRTV News Channel, MRTV Parliament Channel, MITV, Readers Channel, Skynet Up To Date Channel နှင့် Skynet Tine Yin Thar Channel ရုပ်သံလိုင်း ၆ခုတွင်လည်း ထပ်မံတိုးချဲ့၍ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသောကြောင့် ရုပ်သံလိုင်းစုစုပေါင်း ၁၀လိုင်းတွင် မိဘပြည်သူများ ကြိုတင်သိရှိနိုင်စေရန် ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။