မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အတွင်းမှာအကုသိုလ်မဖြစ်စေနဲ့

ဘာဖြစ်ဖြစ်
အဆင်ပြေပါတယ်ဆိုတဲ့စိတ်နဲ့နေပါ ။

မြေကြီးလိုပေါ့
ကောင်းတဲ့ပန်းမိုးတွေကြဲချလို့လည်း
၀မ်းသာမှုမရှိသလို

မစင်အညစ်ကြေးတွေစွန့်ချလို့လည်း
စိတ်ဆိုးမှု လုံး၀မဖြစ်ဘူးတဲ့ ။

ရေလိုပေါ့
မကောင်းသူကိုလည်းအေးမြစေသလို
ကောင်းတဲ့လူကိုလည်း အေးမြစေပါတဲ့ ။

မိမိတိုရဲ့တစ်ခဏတာဘ၀မှာ
ကောင်းတာတွေချည်း မဆုံနိုင်လို့

မကောင်းတာနဲ့ကြုံလာတဲ့အခါ
ကိုယ်စိတ်မှာ ဒေါသမဖြစ်အောင်
သတိထားလို့ နေထိုင်ပါ ။

မကောင်းတာချည်းမဖြစ်နိုင်လို့
ကောင်းတာနဲ့ကြုံလာတဲ့အခါ
လောဘမဖြစ်အောင် ကြိုးစားပါ ။

မကောင်းရင် မေတ္တာနဲ့ဆက်ဆံပြီး
ပိုမကောင်းခဲ့ရင် ဥပေက္ခာနဲ့တုန့်ပြန်ပါ ။

အကုသိုလ်ဖြစ်ခွင့် မရတဲ့ဘ၀ကို
အသိဥာဏ်နဲ့ ရှာယူတတ်ပါစေ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏