အကြမ်းဖက်သမားများနှင့် လှုံဆော်ရေးသားသူများအား ထောင်ဒဏ်အသီးသီးချမှတ်ခဲ့

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အတွင်းနေထိုင်၍ အကြမ်းဖက်သမားများအတွက် အခကြေးငွေယူ၍ လူအင်အား စုပေးခဲ့သူ အကြမ်းဖက်အားပေးတရားခံ တင်အောင်ချို(ခ)ချိုကြီး အား အကဖ(၅၂)က အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်သည်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်အတွင်းနေထိုင်၍ မိုးကုတ်မြိုနယ် TNLA စခန်း၌ အကြမ်းဖက်စစ်သင်တန်း တက်ရောက်ခဲ့သူ အကြမ်းဖက်သမား အေးမင်းကျော်(ခ)ပျံလွှား အား အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်သည်။

ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်၍ အကြမ်းဖက်သမားများအသုံးပြုရန်အတွက် ဖောက်ခွဲရေးပစ္စည်းများ သယ်ယူပိုဆောင်ပေးခဲ့သူ အကြမ်းဖက်အားပေးတရားခံ မျိုးညွန့်(ခ)ညွန့်ညွန့် အား ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်သည်။

ဒဂုံမြို့သစ်တောင်ပိုင်းတွင်နေထိုင်၍ အကြမ်းဖက်သမားများအတွက် အလှူငွေထည့်ဝင်ပေးကြရန် လှုံဆော်ရေးသားခြင်းနှင့် အလှူငွေကောက်ခံရန် ကြံစည်ခဲ့သူ အကြမ်းဖက်အားပေးတရားခံ ကောင်းခန့် အား အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်သည်။

ဒဂုံမြို့သစ်တောင်ပိုင်းတွင်နေထိုင်၍ အကြမ်းဖက်သမားများအတွက် လူမှုကွန်ရက်မှတစ်ဆင့် အလှူငွေကောက်ခံရန် ကြံစည်ခဲ့သူ အကြမ်းဖက်အားပေးတရားခံ မမြသူဇာစိုး အား အကဖ-၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်သည်။

ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်အတွင်း ပြုလုပ်သော အကြမ်းဖက်ဆူပူဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ အကြမ်းဖက်အားပေးတရားခံ ဟိန်းထက်(ခ)ကြုပ်ကြုပ် အား ရာ-၅၀၅(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်သည်။

ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်အတွင်း ပြုလုပ်သော အကြမ်းဖက်ဆူပူဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခဲ့ခြင်း၊ ရပ်ကွက်အတွင်းရှိလမ်းများအား အတားအဆီးပြုလုပ်၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်အားပေးတရားခံများဖြစ်သော မနှင်းရည်ရည်လွင် နှင့် မနှင်းမုံ တိုအား ရာ-၅၀၅(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်လိုက်သည်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်အတွင်းနေထိုင်၍ အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန်အတွက် လူမှုကွန်ရက်မှတစ်ဆင့် လှုဆော်ရေးသားခဲ့သူ တရားခံ မဇင်ပွင့်ဖြူ အား ရာ-၅၀၅-က(ဂ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။