ပြည်သူများ၏ သတင်းပေးပို့ချက်အရ ကောလင်းမြို့နယ်နှင့်ပတ်ဝန်းကျင်တဝိုက်ရှိ PDF အကြမ်းဖက်သမားများ၏ စခန်းတစ်ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်အတွက် ညောင်ပင်လှကျေးရွာအနီး ခိုအောင်းနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ဩဂုတ်လ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ရာ PDF အကြမ်းဖက်သမားများ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါစခန်းအတွင်း အသေးစိတ်ရှာဖွေခဲ့ရာ လူနေတဲ ၈ လုံး၊ တန်းစီကွင်း ၁ ကွင်း၊ အချုပ်ခန်း ၁ ခန်း၊ တစ်ယောက်ပစ်ကျင်း ၁၀ ကျင်း၊ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၉ လုံး၊ ဗုံးသီးမျိုးစုံ ၁၆ လုံး၊ မိုင်းမျိုးစုံ ၉ လုံး၊ ဖြူးစ် ၃၈ ချောင်း၊ ရီမု ၁ ခု၊ ကျည်မျိုးစုံ ၇၅ တောင့်၊ ကျည်အိမ် ၂ ခု၊ အထိုင်စကားပြောစက် ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ မော်တော်ဆိုင်ကယ် ၃ စီး၊ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ KLPDF လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ KIA လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ NLD အလံ ၁ ထည်အပါအဝင် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့ပါသည်။