လွှမ်းပိုင်နဲ့ Bobby Soxer တို လမ်းခွဲကြပြီ

ဆယ်စုနှစ် တစ်ခုကျော်အကြာ အဆိုတော်ချစ်သူတွေစုံတွေအဖြစ် ပရိသတ်တွေက ချစ်ခင်အားပေးတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ အဆိုတော် Bobby Soxer တို့ နှစ်ဦးကတော့ လမ်းခွဲလိုက်ပြီလို့ ဆိုပါတယ်။

အဆိုတော် Bobby Soxerက “ ထက် တို့အသိပေးကြေငြာစရာလေး ၁ ခုရှိလို့ပါ ။ထက် နဲ့ ကိုလွှမ်းပိုင်တို့ ၂ဦးသဘောတူလမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ ထွေထွေထူးထူးပြဿနာမျိုးတွေထက်ဘဝရဲ့ဦးစားပေးရတဲ့အရာတွေရွေးချယ်ရမဲ့အချိန်မှာ အဖြေတွေမတူခဲ့လို့ပါလိုပဲ ရှင်းပြပါရစေ ။ဘယ်သူဘက်ကမှ မှန်တယ်မှားတယ်ဆိုတဲ့ အကြောင်းရင်းတွေလည်း မရှိတာမို့လို့လည်း တကယ်ကို ၁ ယောက်အပေါ် ၁ ယောက်အမုန်းတရားမရှိတဲ့ လမ်းခွဲမှု ၁ ခုပါ ။ ၁ခုပဲတောင်းဆိုချင်တာကလေ အခုချိန်အားလုံးမှာလည်း အခက်ခဲကိုယ်စီ ပူဆွေးမှုကိုယ်စီမို ဒီကိစ္စကို အကျယ်အကျယ်တွေမချဲ့ဖို့လေးပါပဲ သာမာန်အတွဲတွေလိုပဲ ကြိုးစားဖြတ်သန်းနေရင်း ကွဲကွာသွားကြတယ်လို့ပဲ မြင်ပေးစေချင်ပါတယ် လို့ဆိုပါတယ်။

အဆိုတော် ချစ်သူစုံတွဲလေး လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းတွေကြောင့် သူတို့ ၂ ဦးစလုံးကို အားပေးတဲ့ ပရိသတ်တွေအကုန်လုံးက စိတ်မကောင်းဖြစ်နေကြပါတယ်။