မန်ယူ နဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီ ရော်နယ်လ်ဒို ဆော်ဒီကလပ် အယ်လ် နက်ဆာသို့ ပြောင်းရွှေ့သွား

မန်ယူအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ခေတ္တခဏအသင်းလက်မဲ့ဖြစ်ခဲ့ရသည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနိူရော်နယ်လ်ဒို (၃၇ နှစ်)ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနှင့် ၂၀၂၅ ဇွန်လအထိသက်တမ်းရှိမည့် စာချုပ်တစ်ရပ် ချုပ်ဆိုနိူင်ခဲ့ကြောင်း သိရပါတယ်။

ယခုစာချုပ်ကြောင့် #စီရော်နယ်လ်ဒို ဟာ အယ်လ်နာဆာအသင်းတွင် တစ်နှစ်လုပ်ခလစာ ယူရိုသန်း (၂၀၀) နီးပါး (မြန်မာငွေနှင့် တစ်နာရီလျှင် သိန်း ၆၈၀ ဝန်းကျင်) ရရှိမည်ဖြစ်သလို ဘောလုံးသမိုင်းတွင်လည်း လစာအများဆုံးရ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

Photos: AlNassr FC