မြင်းခြံမြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် သဲတောလေးကျေးရွာ၌ ဒီဇင်ဘာ ၃၀ရက် နေ့လယ်ပိုင်းတွင်
အမျိုးသား ၁ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သတင်းအရ ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးရာ ဦးဆန်းမိုး၊
မြောက်ကုန်းကျေးရွာ မြင်းခြံမြိုနယ်နေသူသည် နေအိမ်မှ ဆိုင်ကယ်ဖြင့် မြင်းခြံမြိုသို ဈေးဝယ်ရန်ထွက်ခွာလာစဉ်
သဲတောလေးကျေးရွာ ဘုန်းကြီးကျောင်းရှေ့အရောက်၌ နောက်မှလိုက်လာသည့် အမျိုးသား ၂ ဦးက သေနတ်ဖြင့်
ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဦးဆန်းမိုး တွင် ဝဲပုခုံးအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနိုအုံကျည်ဖောက်ဝင်
ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးသွားခဲ့သည်။