ဒီပဲယင်းမြိုနယ် ကြည်ကျေးရွာအနီးတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီခန့်တွင် ဒီပဲယင်းမြိုနယ် ကြည်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲများက
နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ တောင်ယာတဲ ၁ လုံးအား ဝင်ရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ PDFများမှ
အပြစ်မဲ့ပြည်သူများ ဒေသအတွင်း တည်ငြိမ်အေးချမ်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်များကို နှောက်ယှက်ဖျက်ဆီး
ရန် စီစဉ်ထားသည့် လက်လုပ်မိုင်း ၄၃ လုံး ၊ လျှပ်စစ်စနတ်တံ (၁၀၀) ချောင်းပါ ၁၀ ဖာ၊ မီးရှိစနတ်တံ (၁၀၀)
ချောင်းပါ ၁၀ ဖာနှင့် ကား ၂ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးအဖွဲများက ၎င်းကျေးရွာ
အဝင်တွင် ရှင်းလင်းမှုများထပ်မံပြုလုပ်ခဲ့ရာ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်ရှော့တိုက်ပြောင်း ၁ ခု ၊
လက်လုပ်မိုင်း ၂၀ လုံးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။