အကြမ်းဖက် PDFများထောင်ထားတဲ့ လက်လုပ်မိုင်းကိုနင်းမိတာကြောင့် အရပ်သားပြည်သူတွေထိခိုက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊
လက်ခုပ်ကုန်း ကျေးရွာနေသူများဖြစ်သော ဒေါ်ညွန့်ရှိန် အသက် ၆၃ နှစ်၊ ဒေါ်ဖြူဖြူ အသက် ၃၂ နှစ် ၊
မောင်ဝေလျှံထက် အသက် ၉ နှစ်၊ မဧကရီထက် အသက် ၅ နှစ်တိုသည် ယာဉ်မောင်း ထွန်းထွန်းနိုင်
အသက် ၃၁ နှစ်တို မောင်းနှင်သည့် ဒိုင်နာ ၆ ဘီးယာဉ်ဖြင့် ပဲ/နှမ်းများရောင်းချရန်အတွက် ကျေးရွာမှရွှေဘိုမြိုသို့
ထွက်ခွာလာစဉ် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာနားအရောက်မှာ PDF အကြမ်းဖက်အဖွဲထောင်ထားသော
လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့ရာ ဒေါ်ညွန့်ရှိန်တွင် ဝဲဘက်မောင်း ယာပါးမိုင်းစထိမှန်ဒဏ်ရာ၊ ဒေါ်ဖြူဖြူတွင်
ယာဂျိုစောင်း၊ မေးရိုး၊ ဝဲခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ၊ မောင်ဝေလျှံထက်တွင် နှာခေါင်း၊ ယာလက်မောင်းမိုင်းစ
ထိမှန်ဒဏ်ရာ၊ မဧကရီထက်တွင် ဝဲ/ယာပါး မိုင်းစရှပ်မှန်ဒဏ်ရာနဲ့ ဦးထွန်းထွန်းနိုင်တွင် ဝဲခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ
တို့ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရှိရပါတယ်။