သာယာဝတီမြို့နယ်တွင် PDF အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂုံမင်းမြောင်ကျေးရွာတွင် ရာအိမ်မှူးတစ်ဦးအိမ်
မှ PDF အကြမ်းဖက်သမားလေးဦးနှင့် လက်နက် ခဲယမ်းများကို ဒီဇင်ဘာ လ ၂၈ ရက်နံနက် ၁၀ နာရီက
ဖမ်းမိကြောင်းသိရသည်။
သတင်းအရ ရာအိမ်မှူး ဦးသိန်းဇော်ဝင်းနေအိမ်ကို လုံခြုံရေးအဖွဲက ပိတ်ဆိုဖမ်းဆီးရာ PDFအကြမ်းဖက်သမား
လေးဦးကို ပစ္စတိုတစ်လက်၊ အသံတိတ် ပြောင်းတစ်ခု၊ ကျည်အိမ်နှစ်ခု၊ တရုတ် MG-1 လက်ပစ်ဗုံးတစ်လုံး၊
လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ဗုံးနှစ် လုံးအပါအ ဝင် အကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်
အတူ ဖမ်းမိခဲ့ကြောင်းသိရသည်။