ကျောက်ကြီးမြိုနယ်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် က‌လေးငယ်တစ်ဦး သေဆုံး

ဒီဇင်ဘာ ၂၆ရက် ၈ နာရီအချိန်တွင် ကျောက်ကြီးမြို့နယ် မီးတိုင်တော ကျေးရွာအုပ်စု ကော့ပြင်ကျေးရွာရှိ
တပ်စခန်းအား KNU သောင်းကျန်းသူ အကြမ်းဖက်အုပ်စု PDF အဖွဲ(အင်အား-စိစစ်ဆဲ)က လက်နက်ကြီး/
လက်နက်ငယ်များဖြင့်ရောက်ပစ်ခတ်သဖြင့် ကော့ပြင်ကျေးရွာနေ ဦးအောင်သန်း၏ နေအိမ်သို လက်နက်ကြီးကျည်
ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်း၏မြေးဖြစ်သူ မသွန်းဝတီကျော်(၇)နှစ်အား လက်နက်ကြီးစ ထိမှန်၍ ဝမ်းဗိုက်နှင့်
ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသွားသဖြင့် အလောင်းအား ကော့ပြင်ကျေးရွာ၌ သင်္ဂြိုလ်ခဲ့ကြောင်းသိရှိ
ရသည်။