ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနောက်ဆုံးရက်ကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ တိုးမြင့်

မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနက မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ရန် နောက်ဆုံးရက်ကို ၂၀၂၃ ခုနှစ်
ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်ပေးထားကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။
မှတ်ပုံမတင်ရသေးသော ဆင်းမ်ကတ်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် ဆင်းကတ်မှတ်ပုံတင်ရာတွင် အသုံးပြုသည့်
နိုင်ငံသားစိစစ်ရေးကတ်နံပါတ်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေး
သွားမည်ဖြစ်ပြီး ဒေတာမကိုက်ညီမှုမရှိပါက ဆင်းကတ်ကို ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။