၁ စင်တီမီတာ အရွယ်အစား မိုးသီးများ မြစ်ကြီးနားမြို့မှာ ကြွေကျ

ကချင်ပြည်နယ်၊ မြစ်ကြီနားမြိုပေါ်မှာ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) နံနက် ၈ နာရီကျော်က တစ်စင်တီမီတာအရွယ်
အစားရှိတဲ့ မိုးသီးတွေကြွေကျတာမျိုး ကြုံခဲ့ရတယ်လို ဒေသခံတွေဆီက သိရပါတယ်။
“အခုထိလည်း ရာသီဥတုက မှိုင်းနေတုန်းပဲ၊ သိပ်အကြာကြီးတော့ ကြုံတာမဟုတ်ဘူး၊ သတိထားမိသလောက်တော့
တစ်မိနစ်ဝန်းကျင်ထက်တော့မပိုဘူး၊ ခဏလေးနဲ့ကြုံရတာ” လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။
မိုးသီးကြွေကျတဲ့ဖြစ်ရပ်ကို ဝိုင်းမော်ဘက်က ရပ်ကွက်တွေနဲ့ နမ္မားဘက်တွေမှာလည်း ကြုံရသေးတယ်လို ဒေသခံတွေဆီက
သိရပါတယ်။