အကြမ်းဖက်များ၏ ဗုံးကျဲမှုကြောင့် ဆရာတော် ၃ ပါးဒဏ်ရာရ၊ ၁ ပါးပျံလွန်တော်မူ

ဒီဇင်ဘာ ၂၆ ရက်နေ့ ၁၁ နာရီခန့်တွင် ကော့ကရိတ်မြိုနယ်၊ ကော့နွဲရွာအနီး ရွှေကြက်မင်းဘုရားကုန်းကို KNU+PDF
အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
ဘုရားကုန်းတွင်ရောက်ရှိနေသည့် လုံခြုံရေးအဖွဲ့များကို တိုက်ခိုက်ခြင်းဖြစ်သော်လည်း ဗုံးသီး နှစ်လုံးမှာ ဆွမ်းစား
ကျောင်းဆောင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ဆရာတော် ၁ ပါး ပျံလွန်တော်မူ၊ ၃ ပါးဒဏ်ရာရပြီး ကပ္ပိယ ၁ ဉီး
ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။