မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ပွဲ တာချီလိတ် လွန်းလိန်းကျောင်းတိုက်တွင် ကျင်းပမည်

ဒီဇင်ဘာ ၂၆ရက်က မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲကို လာမည့် ဇန်နဝါရီ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ
တာချီလိတ်မြို့ မိုင်းဖုန်းသာသနာ့နယ်မြေ လွန်းလိန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်
ကြောင်း သိရပါတယ်။
မွေးနေ့ပွဲကာလအတွင်း အနယ်နယ် အရပ်ရပ်ရှိ အဖွဲ့ပေါင်းစုံမှ စတုဒီတာ ကျွေးမွေးခြင်း လှူဒါန်းခြင်းများကို
ဆောင်ရွက်ကြမည် ဖြစ်တယ်လို့ဆိုပါတယ်။
လွန်းလိန်းနယ်မြေအတွင်း စာဂပေးကမ်းလှူဒါန်းခြင်း ကိစ္စရပ်များကိုသာ ဆောင်ရွက်ခွင့်ပေးထားပြီး အခကြေးငွေဖြင့်
စျေးရောင်းချခြင်းများကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။
စည်းကမ်း လိုက်နာမှု မရှိဘဲ ဝင်ရောက်ရောင်းချသည့် စျေးသည်များ၏ ပစ္စည်းများအား လုံခြုံရေးအဖွဲ့များမှ ပွဲတော်
ပြီးသည်အထိ သိမ်းဆည်းထားမည် ဖြစ်ကာ မိမိတို့ ပစ္စည်းများ မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး
အတွက် ကြိုတင် အသိပေးချက်များအား တိကျစွာ လိုက်နာပေးကြပါရန် တိုက်တွန်းထားပါတယ်။