ပြည်သူ့ဆက်ဆံရေးနှင့်(MRTV)အဖွဲ့တို့က သွားရောက် ဂုဏ်ပြုဖျော်ဖြေ

နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို နေ့မအား ညမနား ထမ်းဆောင်လျက်ရှိတဲ့ တပ်ဖွဲ့ဝင်များ အနေဖြင့် မိသားစုများအပေါ် လွမ်းဆွတ်သတိရသည့်စိတ်များ ခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင်ရန်အတွက် လွိုင်ကော်မြို့၊ ဘော်လခဲမြို့၊ ဖားဆောင်းမြို့နှင့် ဒီမော့ဆိုမြို့နယ်တို့ရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ၊ (MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက တေးသီချင်းများ ဖြင့် ဖျော်ဖြေကြရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များက ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့် မိသားစုများက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွပါဝင်သီဆိုကြပါသည်။