ဘုန်းကြီးကျောင်းရှေ့ကွန်ကရစ်ခင်းနေသည့် ပြည်သူတစ်ဦးအား အကြမ်းဖက်PDFက အကြောင်းမဲ့သတ်ဖြတ်

ဒီဇင်ဘာ ၂၃ရက် မွန်းလွဲ ၃နာရီကျော်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြိုနယ်၊ ဆည်သည်
ကျေးရွာအုပ်စု၊ ဆည်သည်တောင်ကျေးရွာနေ ဦးမောင်မောင်ဆွေ ၊ ၅၆ နှစ်တောင်သူလုပ်ကိုင်သူသည် ကျေးရွာသူ/
သားများနှင့်အတူ ကျေးရွာအတွင်း ရွာလယ်လမ်းမအား ကိုယ်ထူကိုယ်ထဖြင့် ဝိပဿနာ ဘုန်းတော်ကြီးကျောင်း
ရှေ့တွင် ကွန်ကရစ်လမ်းခင်းနေစဉ် အကြမ်းဖက်PDF ၄ ဦးက ဆိုင်ကယ် ၂ စီး ဖြင့် ရောက်ရှိလာပြီး
ဦးမောင်မောင်ဆွေအား သေနတ်အရှည်ဖြင့် ၅ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမောင်မောင်ဆွေတွင် ဦးခေါင်း
ဝဲဘက်ကျည် ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ဝဲတင်ပါးကျည်ဖောက်ဝ
ဒဏ် ၁ ချက်တိုဖြင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။