မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

မနာလို၀န်တိုမှုဆိုတာဟာ
အရမ်း အကုသိုလ်ကြီးပါတယ် ။

ကိုယ်ဆီက ရှိတဲ့အရာတွေကို
သူများကို မျှဝေမပေးနိုင်ကြဘူး ။

သူများဆီကရှိတဲ့အရာတွေကိုလည်း
၀မ်းသာမှုဖြင့် မကြည့်နိုင်ကြဘူး ။

ကိုယ့်အတွင်းထဲမှာပဲ
မထင်မရှား အပုတ်နံ့ထွက်နေတယ် ။

ကိုယ့်အကုသိုလ်နဲ့ကိုယ်
ပူလောင်မှုတွေနဲ့ ဆင်းရဲနေရပါတယ် ။

မနာလိုမှုအားကြီးတဲ့သူဟာ
အကောင်းမြင်စိတ်နည်းတဲ့အတွက်

ဘယ်နေရာဘယ်သူနဲ့ပဲဖြစ်ဖြစ်
အဆင်မပြေတာက များကြပါတယ် ။

မနာလိုခြင်းနဲ့ နေတဲ့သူဟာ
ပျော်ရွှင်မှုတွေ သေဆုံးရတတ်တာမို့လို့
မျှဝေ၀မ်းသာပေးနိုင်အောင်ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏