ပခုက္ကူမြို့ပေါ်တွင် PDF အကြမ်းဖက်သမားများက ဆိုင်စောင့်ကိုပြန်ပေးဆွဲ

ဒီဇင်ဘာ ၂၃ရက် နေ့လယ် ၁၂း၃၀ နာရီအချိန်၌က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၊ အမှတ် (၄) ရပ်ကွက်၊ ထင်းတန်းလမ်းနှင့် သမာစရလမ်းထောင့်ရှိ Capital ဟော်လိုပိုက်အရောင်းဆိုင်မှ ဆိုင်စောင့် ဝန်ထမ်း အမျိုးသမီးကို အကြမ်းဖက်သမားနှစ်ဦးက
ပြန်ပေးဆွဲသွားကြောင်းသိရသည်။
ဆိုင်ရှင်လင်မယားကို ပြန်ပေးဆွဲမည်ဟူသော သတင်းများထွက်နေသဖြင့် ဆိုင်ရှင်လင်မယားသည် တိမ်းရှောင်နေပြီး
ဆိုင်ကိုအစောင့်ဖြင့်ထားစဉ် ဆိုင်စောင့် ဒေါ်အေးဝင်း (၄၃ နှစ်) ကို အကြမ်းဖက်သမားနှစ်ဦးကသေနတ်ဖြင့်
ဗခြိမ်းခြောက်ပြီး ဖမ်းခေါ်သွားခြင်းဟုသိရသည်။