တန့်ဆည်နဲ့ရေဦးနယ်က ကျေးရွာ ၁၇ရွာကို pdf များမှ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်နဲ့ ရေဦးမြို့နယ်က ကျေးရွာ ၁၇ ရွာကို အကြမ်းဖက် pdf များမှ ဒလန်ရွာဟု
အမည်တပ်ကာ အင်အား ၁၀၀ ကျော်လောက်ဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၂၂ ရက်
မနက်ပိုင်းအချိန်ထိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
တန့်ဆည်မြိုနယ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ကျေးရွာတွေကတော့
သာခေါင်ကြီးရွာနေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာ နေအိမ် ၄၀ လုံး၊ ဝက်တိုးရွာ ၁၇ လုံး၊ ပုတီးရွာ ၆ လုံး၊
ပေချောင်ရွာ ၉၇ လုံး ၊ ထန်းကုန်းကြီးရွာ ၇၅ လုံး၊ မူးကျင်းစုရွာ ၇၃ လုံး၊ သာဂလရွာ ၄၁ လုံး၊ သာဂရရွာ
၁၁၇ လုံး၊ ထန်းပင်ကုန်းရွာ ၂၉ လုံး၊ ရွာရှည်(မ)ရွာ ၆ လုံး၊ ဂွေးကုန်းရွာ ၁၀ လုံး၊ ဖလံချိုင်ရွာတိုမှ ဆန်စက်
ဆီစက်တွေ လည်းပါဝင်ပြီး စုစုပေါင်း အိမ်ခြေ ၈၄၈ လုံး ပြာကျပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။