မြိုင်မြို့နယ်တွင် PDF များ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီခန့်တွင် မြိုင်မြိုနယ် ပဒိုင်းတောအနောက်ကျေးရွာ အနီးတွင်
လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေး
အဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။
လုံခြုံရေးအဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းမှုများပြုလုပ်ခဲ့ရာ-

  • လက်လုပ်စိန်ပြောင်း ၆ လက်
  • လက်လုပ်သေနတ် ၇ လက်
  • လက်လုပ်မိုင်း ၂၅ လုံး
  • လက်လုပ်ရှော့တိုက်ဗုံးသီး ၄ လုံး
  • အဝေးထိန်းဆားကစ် ၃ ခု
  • ဆိုင်ကယ်ဘတ္ထရီအိုး ၃ လုံး
  • ဝါယာကြိုး ၁ ခွေ
  • ဓာတ်မြေဩဇာ ၁ အိတ်
  • ကန့်မှုန့် ၈ ပြည်
  • ယမ်းမှုန့် ၅ ပိဿာ
  • သံဖြတ်စက် ၁ လုံး
  • ဝရိန်ချောင်း ၃၀ ချောင်း
  • တဲ ၈ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။