ကံမြှင့်နည်းများ

1- မိဘအဝတ်အစားလျှော်ပါ။
2- မိဘကို ပြုစုပါ။
3- မိဘကိုနေ့စဉ် ကန်တော့ပါ။
4- မိမိအိမ်ကို သန့်ရှင်းပါ။
5- မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ။
6- ဘုရားကျောင်းဆောင် သန့်ရှင်းပါ။
7- ဘုရားရောင်တော် ဖွင့်ပါ။
8- ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။
9- ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ။
10- လမ်းပေါ်ရှိ အမှိက်သရိုက် ဆူးများမရှိအောင်
လှည်းကျင်းပါ။
11- စေတီပရဝဏ် တံမြက်လှည်းကုသိုလ်ယူပါ။
12- ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။
13- အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ။
14- မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ။
15- ရေကန်ဆယ်ပါ။
16- ရေတွင်း ရေကန် ရေ အလှူပြုပါ။
17- လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကို ဒါနပြုပါ။
18- ပံ့သကူ ပစ်ပါ။
19- ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ။
20- သစ်ပင်စိုက်ပါ။
21- အရိပ်လှူပါ။
22- ညောင်ထောက်ပါ။
23- လေလွင့်တိရိစ္ဆာန်များကို ဒါနပြုပါ။
24- အရူးကျွေးပါ။
25- တံတားထိုးပါ၊ လှူပါ။
26- ခေါင်းဆေးမင်္ဂလာပြုပါ။
27- ရဟန်းဒကာ ခံယူပါ။
28- ရေနစ်တိရိစ္ဆာန်လေးများအား ဆယ်ပါ။
29- ကံငါးပါး လုံပါ။
30- စိတ်ကောင်းမွေးပါ။
31- ဝစီဒုစရိုက် ရှောင်ပါ။
32- သူတစ်ပါးကျေးဇူးကို သိတတ်ပါ။
33- သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ။
အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။
သဒ္ဓါ ပီတိလေးပွားပြီး ပုဗ္ဗ မုဉ်သ အပရ စေတနာ၃တန်ရအောင်လုပ်ပါ။
မုချ ကံမြင့်လာမှာပါ။
crd-