နောင်ချိုမြို့နယ်က တိုက်ပွဲ မိုင်းများ သိမ်းဆည်းရမိ

နောင်ချိုတိုက်ပွဲ
ဩဂုတ် ၃၀ ရက်တွင် ရှမ်းပြည်(မြောက်ပိုင်း)နောင်ချိုမြို့နယ်
ဟိုခို-ဒိုးပင်ဒေသ၌ သောင်းကျန်းသူများမရှိစေရေးအတွက်
တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်
ဒိုးပင်၏ အရှေ့မြောက်ဘက် မီတာ ၇,၀၀၀ ခန့် အကွာသို့ အရောက်
အကြမ်းဖက်သူ ၁၀ ဦးခန့်က ဆွဲမိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့်
တပ်မတော်လက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ
အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း-
လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံး
တိုက်မိုင်း ၃ လုံး သိမ်းဆည်းရမိခဲ့ပြီး
တပ်မတော်ဘက်က အရာရှိ ၁ ဦး
ထိခိုက်ဒဏ်ရာရခဲ့ကြောင်း
သိရပါတယ်။