အေအေ အဖွဲ့ဝင်များ တပ်မတော် စစ်ကြောင်းများထံ ခိုလှုံလာ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်နယ်စပ် မိုင်တိုင် ၄၀၊ ပလက်ဝမြိုအတွင်းရှိ နမဒါရွာနှင့် အဘောင်သာရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း၌ တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် တိုက်ပွဲဖြစ်ပြီး ရက်များအတွင်း စစ်ကြောင်းများထံသို AA အဖွဲဝင်များ ဝင်ရောက်ခိုလှုံလာမှုများရှိနေကြောင်း သိရသည်။

အဆိုပါ နေရာ ၃ ခုမှ တပ်စစ်ကြောင်းများထံ သေနတ်ဖြင့် ခိုလှုလာသူ ၂၁ ဦးရှိကြောင်း သိရှိရသည်။

ခိုလှုလာသူတစ်ဦးပြောပြချက်အရ ၎င်းတပ်ခွဲမှာ

– ရန်သူနှင့်မျက်နှာချင်းဆိုင်ထားရသောစခန်းဖြစ်ပြီး နေ့တိုင်း ပစ်ခတ်မှုတွေရှိကြောင်း၊
– ၎င်းမှာအငယ်ဖြစ်တာကြောင့်ရှေ့ဆုံးမှာနေရကြောင်း၊
– ရွာအဝင်အထွက်လမ်းတွေနဲ့ စခန်းအနီးတွေမှာ မိုင်းသွားထောင်ခဲ့ရကြောင်း၊
– အပြစ်နဲ့မတန်အောင် နှိပ်စက်ခံရမှုတွေ ရှိကြောင်း၊
– လစာမရတာကြောင့် သုံးစရာမရှိကြောင်း၊
– အဖေသေတုန်းကလည်းခွင့်မရခဲ့သလို မကြာသေးခင်က ညီမမင်္ဂလာဆောင်လည်း မပြန်ခဲ့ရကြောင်း၊
– ရွာကိုပြန်ပြေးရင်လည်း ULA/AA အဖွဲ့တွေက ပြန်ဖမ်းပိုတာကြောင့် ယခုရွာကိုမပြန်လိုကြောင်း၊
– ကျန်ခဲ့တဲ့မိဘကိုဒုက္ခမပေးလိုတော့ကြောင်း၊
– ယခုလိုတိုက်ပွဲဖြစ်မှထွက်ပြေးရခြင်းမှာလည်း စခန်းအတွင်းနဲ့ ရွာတွေမှာရိက္ခာသွားယူတဲ့အချိန် အစောင့်အကြပ်တွေနဲ့နေရတာကြောင့် တိုက်ပွဲဖြစ်မှ ထွက်ပြေးခွင့်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပုံများအား ၎င်းတိုနှင့် ၎င်းတို၏မိသားစုများလုံခြုံရေးအရ
အပြည့်အစုံမဖော်ပြခြင်းဖြစ်ပါသည်။