မော်လမြိုင်လေဆိပ်ကို နေရာသစ်သို့ပြောင်းရွှေ့ဖို စီစဉ်နေ

မော်လမြိုင်လေဆိပ်ကို နေရာအသစ်ထံ ပြောင်းရွှေ့သွားဖို စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။
ရွှေ့ပြောင်းရဖို စီစဉ်ရတဲ့အကြောင်းကတော့ မြို့၊ တက္ကသိုလ်တို့နဲ့ နီးကပ်ခြင်း၊ လေယာဉ်ပြေးလမ်းကို တိုးချဲ့ဖို့
ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေနိုင်တဲ့ လေယာဉ်အမျိုးအစားအားလုံး
ဆင်းသက်နိုင်တဲ့ အဆင့်မီလေယာဉ်ကွင်းတစ်ခု တည်ဆောက်ရန် စီမံဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။