မြန်မာ့မီးရထားမှ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ် RBE ရထားများ ပြေးဆွဲပေးသွားမည်

ဒီဇင်ဘာ ၂၀ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား အနေဖြင့် မန္တလေး-လားရှိုးလမ်းပိုင်း
ရှိ ပြင်ဦးလွင်-ဂုတ်ထိပ် အပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများ
အား သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေတောတောင် သဘာဝရှုခင်းများ
လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ဒေသန္တရ
ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် (အသွား/အပြန်)ခရီးစဉ်အား ဒီဇင်ဘာလ
၂၂ ရက် (ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်) နေ့မှစတင်၍ နေ့စဉ်ပြေးဆွဲ ပေးသွားမှာဖြစ်ပါတယ်။
RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ မွန်းလွဲ ၁ နာရီတွင်
ရောက်ရှိမည်ဖြစ်သည်။ ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာသို့ ညနေ ၅ နာရီခွဲ
တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်တွင် ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ပွဲကောက်၊ ဝက်ဝံ၊
ဆမ်ဆယ်၊ နောင်ချို ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်သည်။ လက်မှတ်ခနှုန်းထား အနေဖြင့် ခရီးသည် တစ်ဦးလျှင်
ခရီးစဉ် အစ/အဆုံး ငွေကျပ်၃၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။