ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုးများအားသယ်ယူပို့ဆောင်ပေးနေသူများအား ရန်ကုန်တွင်ဖမ်းမိ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်မြို၊ ရွှေနံ့သာကျေးရွာ၊ ဘားလားကျေးရွာအဝင်လမ်း သစ်ခွခြံအနီး၌ ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းမှ မိုဟာမက်ဖိုက်စိန် (၁၄) နှစ်ပါ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦးတိုအား တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့သည်။

အဆိုပါ ထိန်းသိမ်းထားရှိသူ ဘင်္ဂါလီလူမျိုးများအား အသေးစိတ်စစ်ဆေးချက်အရ ၎င်းတိုကို သယ်ယူပိုဆောင်ထိန်းသိမ်းထားရှိရာတွင် ကိုယ်တိုင်ပါဝင်ကြီးကြပ် ဆောင်ရွက်သူဖြစ်သည့် သန့်ဇင်ဦး (ခ) သူရိန်၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူပိုဆောင်ပေးကြသူများ ဖြစ်ကြသည့် မြတ်စိုးဦး (ခ) ပြောင်ကြီး၊ ထက်ကျော်၊ အောင်သူ၊ မြင့်စိန်၊ ဇော်ဇော်လတ် (ခ) ရခိုင်လေး၊ ကျော်ကျော် (ခ) ကျော်ကြီးနှင့် မင်းမင်းထိုက် တိုအားလည်းကောင်း၊ ဘင်္ဂါလီများအား လက်ခံထိန်းသိမ်းထားရှိပေးသူများ ဖြစ်ကြသည့် အေးခိုင် (ခ) ကိုအောင်၊ အောင်အောင်၊ ဇော်အောင် (ခ) မောင်ဇော်နှင့် ဇော်ဝင်း (ခ) အလီဘိုင်တို စုစုပေါင်း (၁၂)ဦး၊ ဇော်ဝင်း(ခ) အလီဘိုင်၏နေအိမ်တွင် ထိန်းသိမ်းထားရှိသည့် ဘင်္ဂါလီလူမျိုး မိုဟာမက်ဂျာဘဲပါ အမျိုးသား (၁၉) ဦးနှင့်အတူ ဘင်္ဂါလီလူမျိုးများကို သယ်ယူပိုဆောင်ရာတွင် အသုံးပြုခဲ့သည့် YGN 3C- 6928 နံပါတ်ပါ ဆီဘောက်ဆာ ဖြူ/ပြာရောင်ယာဉ်ပါ မော်တော်ယာဉ် (၆) စီးတိုအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၆ ရက်နေ့တိုတွင်အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။