ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၅၃ ခုဝင်ရောက်ထား

ဒီဇင်ဘာ ၂၀ရက်က ရန်ကုန်တိုင်းဒေသကြီးမှာ အခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ဒုတိယပတ်ထိကာလအတွင်း
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၅၃ ခုဝင်ရောက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ
သိရပါတယ်။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၂ ခုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄၁ ခုတို့
ဝင်ရောက်ခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၁၉ ဒသမ ၃၉၆ ဘီလီယံကျော်နဲ့ အမေရိကန်ဒေါ်လာ ၇၄
ဒသမ ၄၆၂ သန်းဖြစ်တယ်လို့ သိရပါတယ်။