တိုက်ပွဲအတွင်းမှ ဓားစာခံ ၂ ဦးအား ကယ်တင်နိုင်ခဲ့

ဒီဇင်ဘာ ၁၈ ရက်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာအရှေ့မြောက်ဘက် ပေတခတ်ရွာ၌
PDF အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားလျက်ရှိပြီး
ပဲဒက်ကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် ဦးနောင်နောင်နှင့် ပြည်သူ့စစ် (ဒု) ခေါင်းဆောင် ဦးစိုးဝေ၏ ဇနီးဖြစ်သူတို့အား ဖမ်းဆီးထားကြောင်းသတင်းအရ
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းစဉ် ကျေးရွာအဝင်သို့အရောက် အကြမ်းဖက်သမား ၅၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ-
-PDF အကြမ်းဖက်သမား ၃ လောင်း
-M4-A1 ၁ လက်
-M-4 ၁ လက်
-လက်လုပ်သေနတ် ၂ လက်
-ကျည်အိမ် ၂ ခု
-ကျည် ၆၃ တောင့်တို့ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…
တိုက်ပွဲအတွင်းမှလည်း PDF အကြမ်းဖက်သမားများက ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့
ပြည်သူ့စစ်အဖွဲ့ဝင် ဦးနောင်နောင်နဲ့ ဦးစိုးဝေတို့၏ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူရှိန်တို့ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး
လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိဟု သိရှိရပါတယ်…