နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား )U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအားတိုက်ရိုက်ထုတ်လွှင့်မည်

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၉ ရက်(ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပပုံများကို ယင်းနေ့ မွန်းလွဲ  ၂ နာရီ  ၄၅ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊  MRTV Sports Channel၊ MWD HD Channel၊ MWD Variety HD Channel၊ MRTV Web & App နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်…