ဂျာမနီပြတိုက်တစ်ခုမှခိုးယူခံရသည့် ရတနာပစ္စည်းအများအပြား ပြန်လည်ရရှိ

ဂျာမနီနိုင်ငံရှိ အနုပညာပြတိုက်တစ်ခုမှ ၂၀၁၉ ခုနှစ်အတွင်း ခိုးယူခံလိုက်ရသည့် ရတနာပစ္စည်းအများအပြားကို ရဲတပ်ဖွဲ့က လက်ဝယ်ပြန်လည်ရရှိခဲ့ကြောင်း သက်ဆိုင်ရာက ဒီဇင်ဘာ ၁၈ ရက်တွင်ထုတ်ပြန်ထားပြီး

အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ အဆိုပါရတနာပစ္စည်းများကို ဒရက်စတန်အနုပညာပြတိုက်မှ ခိုးယူခံလိုက်ရခြင်းဖြစ်ကာ ထိုရတနာပစ္စည်းများတွင် စိန်ပွင့်စုစုပေါင်း ၄၃၀၀ ကျော်အထိပါဝင်ပါတယ်။

လက်ဝယ်ပြန်လည်ရရှိသော ရတနာပစ္စည်းများကို ရဲတပ်ဖွဲ့က အထူးအစောင့်အရှောက်များဖြင့် ဒရက်စတန်ပြတိုက်သို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဂျာမနီနိုင်ငံ၌  ယခုကဲ့သို့အနုပညာပြတိုက်များ ဖောက်ထွင်းခံရကာ တန်ဖိုးကြီးပစ္စည်းများခိုးယူခံရမှုသည် မကြာခဏ ဖြစ်ပွားလေ့ရှိသည့်    ဖြစ်စဉ်ကဲ့သို့ဖြစ်ကာ-

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း သူခိုးများသည် ဘာဗေးရီးယားရှိ ပြတိုက်တစ်ခုအတွင်းသို့ ချိုးဖောက် ဝင်ရောက်ကာ ယူရိုသန်းပေါင်းများစွာတန်ဖိုးရှိသည့် ရှေးဟောင်းရွှေဒင်္ဂါးအပြား ၅၀၀ နီးပါးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်စဉ်ဖြစ်ပွားကြောင်း သိရသည်။