ထိုင်းရေတပ်ရဲ့ ခေတ်မီဖရိဂိတ်စစ်ရေယာဉ်H.T.M.S. Su-kho-thai (FS-442) နစ်မြုတ်

မနေ့ညနေ
ထိုင်းပင်လယ်ကွေ့မုန်တိုင်းကြောင့်
ထိုင်းရေတပ်ရဲ့ ခေတ်မီဖရိဂိတ်စစ်ရေယာဉ်
H.T.M.S. Su-kho-thai (FS-442) ship of the Royal Thai Navy ဟာ
ရေဝင်ပီး နစ်မြုတ်သွားခဲ့ပါတယ်။

မုန်တိုင်းဟာ ပြင်းထန်ခြင်းအသင့်အတင့်သာ ရှိပေမဲ့
ပင်မအင်ဂျင် အပြင်
သဘောင်္ရဲ့ electric power အားလုံး ရပ်တံ့သွားခဲ့ပြီး
ရေဝင်ရောက်ခြင်းကို ထိန်းချုပ်နိုင်ခြင်း
မရှိသောကြောင့်
နစ်မြုတ်ခဲ့ရကြောင်းသိရှိရပါတယ်။

အနားမှာရှိတဲ့
ထိုင်းရေတပ်သင်္ဘောဘူရီ(FFG 457)က
သင်္ဘောသား(၁၁၀)ယောက်လုံးကို
ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ခေတ်မီဖရိဂိတ်သင်္ဘောဟာ
ဒီလိုရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည်ဟု
ဆိုသော်ညားလည်း…

ပြုပြင်ထိန်းသိမ်းခြင်းပိုင်းဆိုင်ရာ
အားနဲခြင်းကြောင့်လို့
အကြမ်းဖျင်း ယူဆထားပြီး
နစ်မြုတ်ခဲ့ရသော အခြားအချက်အလက်များကို
စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း
ကနဦးသတင်း ထုတ်ပြန်ထားပါသည်။