လှည်းတန်း-အင်းစိန်လမ်းမပေါ်မှာ ကားတစ်စီးက လူတစ်ဦးကိုတိုက်မိပြီး မောင်းပြေးမှုဖြစ်ပွား

ဒီဇင်ဘာလ ၁၇ရက်နေ့ ည ၈နာရီခွဲဝန်းကျင်ခန့်က ရန်ကုန်မြို့၊ လှည်းတန်း အင်းစိန်လမ်းမပေါ်မှာ ကားတစ်စီးက
အမျိုးသမီးတစ်ဦးကို တိုက်မိပြီး မောင်းပြေးမှုဖြစ်ပွားခဲ့တယ်လို့ အနီးဝန်းကျင် မျက်မြင်တွေ့ရှိသူများရဲ့ ပြောဆိုချက်
အရ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ စံရိပ်ငြိမ် ၄လမ်းအနီးမှာ လမ်းသွားလမ်းလာ အမျိုးသမီး
တစ်ဦးကို ကားဖြင့်တိုက်မိပြီး မောင်းပြေးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“လှည်းတန်းမီးပွိုင့်ဘက်ကို အရှိန်နဲ့မောင်းလာပြီး လမ်းက အမျိုးသမီးတစ်ဦးကို တိုက်မိတာ။ ပြီးတော့ တိုက်တဲ့
ကားက မောင်းပြေးသွားတယ်။ အတိုက်ခံရတဲ့အမျိုးသမီးလည်း ပွဲချင်းပြီးသေသွားတယ်”လို့ အနီးမျက်မြင်တွေ့ရှိသူ
တစ်ဦးက ဆိုပါတယ်။