ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ဗိုင်းရပ် (စ်)ကူးစက်မှုကို ထိန်းချုပ်နေရတဲ့ ပြင်သစ်အသင်း

ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်ချမ့်စ်က သူတို့အသင်းဟာ အာဂျင်တီးနားနဲ့ကစားရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင် ခင် ပြင်ဆင်မှုတွေ မထိခိုက်စေဖို့အတွက် တတ်နိုင်သမျှ ကြိုတင်သတိထားမှုတွေကို လုပ်ဆောင်နေရတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြင်သစ်ကစားသမားအများဟာ ဆန်းကြယ်တဲ့ နာမကျန်းမှုတွေကို ခံစားနေရပြီး အဓိကခံစစ်ကစားသမားနှစ်ဦးဖြစ်တဲ့ ရာဖေးလ်ဗာရန်နီနဲ့ ကိုနာတေးတို့ဟာ အသင်းလေ့ကျင့်မှုမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

ကွင်းလယ်လူရာဘီယော့ နဲ့ အခြားနောက် ခံလူ အူပါမီကာနိုတို့ကလည်း ဖျားနာမှုဝေဒနာကို ခံစားနေရပြီး မော်ရိုကိုနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် အဆိုပါကစားသမားတွေကိုလည်း ဟိုတယ်မှာသာ အနားယူစေခဲ့ပြီး ပြင်သစ်အနေနဲ့ ဗိုလ်လုပွဲမှာ ကစားသမားအစုံအလင်အသုံးမပြုနိုင်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။